Tuesday, 21 May 2013
Latest Articles
နောက်ဆုံးရ ဘောလုံးသတင်းများ
ရွန်းနီကို ဆုံးဖြတ်ချက် ပြတ်သားဖို့ နည်းပြသစ် မိုယက်စ် တောင်းဆို
မန်ယူနည်းပြ ဒေးဗစ်မိုယက်စ်သည် အသင်းမှာ ဆက်ရှိနေရေး မတင်မကျ ဖြစ်နေသော ၀ိန်းရွန်းနီကို ဆုံးဖြတ်ချက် ပြတ်သားဖို့ တောင်းဆိုလိုက်သည်။ အဲဗာတန်တွင် ရှိစဉ်က အသက်(၁၆)နှစ်အရွယ် တိုက်စစ်မှုး ရွန်းနီကို ယုံယုံကြည်ကြည်ဖြင့် အသုံးပြုခဲ့သော မိုယက်စ်နှင့် ရွန်းနီတို့ ဆက်ဆံရေးမှာ မန်ယူအသင်းသို့ ရွန်းနီရောက်ပြီးချိန်မှ စပြီး အပြန်အလှန် ဝေဖန်ပုတ်ခတ် ခဲ့သည့် အခြေအနေအထိ ရောက်ခဲ့သည်။
785
Written by အောင်ဇော်လတ်(မိုးနဲ)
ရာသီကုန်ချိန်တွင် ရီးရဲအသင်းမှ လွတ်လပ်စွာ ထွက်ခွာနိုင်တော့မည့် ဂျို့စ် မော်ရင်ဟို
ရီးရဲနည်းပြ မော်ရင်ဟိုသည် အသင်းဥက္ကဌ ဖလိုရန့်တီနို ပီရက်စ်နှင့် တွေ့ဆုံခဲ့ပြီးနောက် အပြန်အလှန် သဘောတူညီချက်ဖြင့် ရာသီကုန်ချိန်တွင် ရီးရဲအသင်းမှ လွတ်လပ်စွာ ထွက်ခွာသွားခွင့်ကို ရရှိခဲ့ကြောင်း ဆန်းသတင်းစာအရ သိရှိရသည်။ ထိုသဘောတူညီချက်အရ ချယ်ဆီးအသင်း အနေဖြင့် မော်ရင်ဟိုကို တစ်ကျော့ပြန် ခေါ်ယူရန်အတွက် စာချုပ်ပါ လျှော်ကြေးငွေ ပေါင်(၁၀)သန်းကို ပေးချေရတော့မည် မဟုတ်ပေ။
610
Written by ရင်သွေးငယ်
ချယ်ဆီး၊ မန်စီးတီးတို့၏ ပစ်မှတ် ဖယ်လ်ကာအိုကို ထွက်ခွာခွင့် ပြုလိုက်သည့် အက်သလက်တီကို မက်ဒရစ်
ပရီးမီးယားလိဂ် အသင်းကြီးများ ဖြစ်ကြသည့် ချယ်ဆီးနှင့် မန်ချက်စတာစီးတီးတို့ဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ရာဒါမယ်လ် ဖယ်လ်ကာအိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အက်သလက်တီကို မက်ဒရစ်ကလည်း အသင်းမှ ထွက်ခွာဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်သည့်အတွက် ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းကြတော့မည် ဖြစ်သည်။
809
Written by အောင်စိုးမိုး
ကိုလိုတိုရေးကိုခေါ်ယူဖို့ စိတ်ဝင်စားနေသည့် လီဗာပူးလ်
လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော့ဒ်ဂျာဟာ မန်ချက်စတာစီးတီး ဝါရင့် နောက်ခံကစားသမား ကိုလိုတိုရေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရသည်။ အိုင်ဗရီကို့စ် နောက်ခံလူ ကိုလိုတိုရေးဟာ ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် ဝါရင့် ကစားသမား တစ်ဦး ဖြစ်ပြီး မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် အဆင်သင့် ခေါ်ယူအသုံးပြုနိုင်မည့် ကစားသမား တစ်ဦး ဖြစ်သည်။
244
Written by အောင်စိုးမိုး
လာမည့် ရာသီ တွင် အသင်းကို အပြောင်းလဲ ပြုလုပ်တော့မည့် မာတင်ဂျိုးလ်
ဖူလ်ဟမ် အသင်း ဧ။် မန်နေဂျာ မာတင်ဂျိုးလ် က လာမည့် ရာသီ တွင် အသင်း ကို မျက်နှာသစ် ကစားသမား များ ဖြင့် ပြန်လည် ဖွဲ့ စည်း ရန် စီစဉ် နေကြောင်း သိရသည်။ မာတင်ဂျိုး ဧ။် ဖူလ်ဟမ် အသင်း သည် အသင်း ၌် အငှါး ဖြင့် ခေါ်ယူ ထားသည့် ကစားသမား များအား ပိုင်ရှင် အသင်း များဆီ သို့  ပြန်လွတ်ပြီး ၄င်း တို့ နေရာတွင် ကစားသမား သစ်များ ခေါ်ယူ အားဖြည့်ရန် စီစဉ် နေခြင်း ဖြစ်သည်။
287
Written by ၀ိုင်း ( ကျိန်းရိပ် )
ဝက်စ်ဟမ်း အသင်းမှာ ကစားခဲ့ရတဲ့ တစ်ရာသီ က ကျနော့်ကို မိနစ်တိုင်း ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့ပါတယ် ( အင်ဒီကာရိုးလ် )
ယခုနစ် ရာသီ ၀က်စ်ဟမ်း အသင်း သို့  အငှါး ဖြင့် သွားရောက် ကစား စဉ် ခြေစွမ်း ပြသ နိုင်ခဲ့သည့် လီဗာပူးလ် အသင်း ဧ။် အင်္ဂလန် လက်ရွေးစင် တိုက်စစ် မှူး အင်ဒီကာရိုးလ် က သူ့ အနေဖြင့် ၀က်စ်ဟမ်း အသင်း ၌် ကစားခဲ့ ရသည့် တစ်ရာသီ အတွင်း တွင် မိနစ်ပိုင်း မိနစ်တိုင်း သူ့ ကို ပျော်ရွှင်မှု တွေ ပေးစေနိုင်ခဲ့တယ် ဟု ပြောကြားသွားခဲ့သည်။
325
Written by ၀ိုင်း ( ကျိန်းရိပ် )
ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရခြင်း၏ အဓိက အကြောင်းတရားမှာ ကွင်းလယ်ဒိုင် ဖြစ်ကြောင်း ဗီလက်စ်ဘိုအာ့စ် ဝေဖန်
စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ဖြင့် ဆုံးရှုံးခဲ့ရခြင်း အကြောင်းတရားမှာ ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် တာဝန်ယူ ကိုင်တွယ်သွားခဲ့သော ကွင်းလယ်ဒိုင် ဖြစ်ကြောင်း ဗီလက်စ်ဘိုအာ့စ်က ဝေဖန်လိုက်သည်။ ယမန်နေ့ညက ကစားသွားခဲ့သော ပွဲစဉ်တွင် ကွင်းလယ်ဒိုင်သည် စပါးအသင်းက စောစီးစွာ ရသင့်ရထိုက်သော ပင်နယ်တီကို မပေးခဲ့ခြင်းသည် များစွာနစ်နာခဲ့ရကြောင်း ပြောကြားလိုက်သည်။
964
Written by အောင်ဇော်လတ်(မိုးနဲ)
ပရိသတ်ကို အကောင်းဆုံး ဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ ပွဲတစ်ပွဲ။ (ဝက်စ်ဘရွန်း ၅-၅ မန်ယူနိုက်တက်)
ပရီးမီးယားလိဂ် နောက်ဆုံး အပိတ်ပွဲစဉ်အဖြစ် ဝက်စ်ဘရွန်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ဝက်စ်ဘရွန်းရဲ့ ဟော်သွန်းကွင်းမှာ ကစားခဲ့ကြပါတယ်။ ဒီပွဲဟာ မန်ချက်စတာယူနိုက်တက် နည်းပြ ဆာ အဲလက်စ် ဖာဂူဆန်အတွက် ပွဲပေါင်း ၁၅၀၀ ပြည့်မြောက် ပွဲတစ်ပွဲဖြစ်ပြီး နောက်ဆုံး နှုတ်ဆက်တဲ့ ပွဲစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအနေနှင့်လည်း ရာသီအပိတ်ပွဲမှာ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တဲ့အတွက် နိုင်ပွဲတစ်ခု လိုချင်နေမှာ ဖြစ်ပြီး မန်ယူအနေနှင့်လည်း နည်းပြကြီးကို နောက်ဆုံး နှုတ်ဆက်တဲ့အနေနှင့် နိုင်ပွဲတစ်ပွဲ ရဖို့ ကြိုးစားကြမှာ ဖြစ်တဲ့အတွက် ကြည့်ကောင်းအုံးမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာပါ။
1028
Written by အောင်စိုးမိုး
ဆာအဲလက်စ် နင့် တစ်နစ်သာ လက်တွဲခွင့် ရရှိလိုက်သည့်အတွက် ၀မ်းနည်းနေသည့် ဆာမူရိုင်းလေး
မန်ချက်စတာ ယူနိုက်တက် အသင်း ဧ။် ဂျပန် ကွင်းလယ်ဖန်တီးရှင် ကစားသမား ရှင်ဂျီ ကာဂါဝါ က သူ့ အနေဖြင့် အောင်မြင်မှု အသစ်များ ကြီးမားစွာ ထပ်မံ ဆွတ်ခူး ရရှိေ၇းအတွက် မန်ယူ နည်းပြ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်း ကို ရောက်၇ှိခဲ့ပြီး ပထမဆုံး ရာသီ မှာပင် အမှတ်ပေးဖလားအား သိမ်းပိုက်နိုင်ခဲ့သော်လည်း ၄င်းအား အိုးထရက်ဖို့ ဒ် အေ၇ာက်ခေါ်ယူ ခဲ့သည့် စကော့သား ကြီးနင့် တစ်ရာသီ တည်းသာ လက်တွဲခွင့် ရရှိလိုက်သည့် အတွက် ၀မ်းနည်းမိကြောင်း ပြောကြားသွားခဲ့သည်။
509
Written by ၀ိုင်း ( ကျိန်းရိပ် )
PSG အသင်းဖော်များနှင့် တာဝန်ရှိသူများ၏ နှုတ်ဆက်ဂုဏ်ပြုမှုကို အထူးကျေးဇူးတင်ကြောင်း မျက်ရည်များဖြင့် ဘက်ခမ်း ဖွင့်ဟ
ကစားသမားဘ၀၏ နောက်ဆုံးပွဲစဉ်ကို ၀င်ရောက်ကစားအပြီး လူစားလဲချိန်တွင် မျက်ရည်များဖြင့် အသင်းဖော်များ၊ အသင်းတာဝန်ရှိသူများကို နှုတ်ဆက်ခဲ့သော ဘက်ခမ်းက PSG အသင်း၏ နှုတ်ဆက်ဂုဏ်ပြုမှုကို အထူးပင် ကျေးဇူးတင်ကြောင်း ဖွင့်ဟပြောကြား သွားခဲ့သည်။ ဒေးဗစ်ဘက်ခမ်းသည် ယမန်နေ့ညက ကစားသွားခဲ့သော နောက်ဆုံးပွဲစဉ်တွင် PSG အသင်း၏ အသင်းခေါင်းဆောင် လက်ပတ်ကို ၀င်ဆင်ကစားခွင့် ရခဲ့သည်။
651
Written by အောင်ဇော်လတ်(မိုးနဲ)
ချဲလ်ဆီးသို့ ပြောင်းရွေ့ဖြစ်ပါက ကလက်စ်တီကို့စ် စုဖွဲ့သွားရန် ပြင်ဆင်နေတယ် ဆိုတဲ့ မော်ရင်ညို
ရီးရဲလ်မက်ဒရစ် နည်းပြ မော်ရင်ညိုသည် ချဲလ်ဆီးအသင်းသို့ ပြောင်းရွေ့ဖြစ်ပါက ရီးရဲလ်မက်ဒရစ်၏ မူအတိုင်း ကလက်စ်တီကို့စ် ကြယ်စင်စု စုဖွဲ့သွားရန် ပြင်ဆင်နေကြောင်း သိရသည်။ မော်ရင်ညိုအနေဖြင့် လာမည့် ရက်သတ္တပတ်အတွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ အရောက်ပြန်ချင်ကြောင်း ဖွင့်ဟပြောကြား ထားသည်။ မော်ရင်ညိုသည် ချဲလ်ဆီးသို့ ပြန်ပါက ပေါ်တူဂီစတား ခရစ္စတီယာနိုကိုပါ
1286
Written by အောင်ဇော်လတ်(မိုးနဲ)
ဘောနပ်စ် ပေါင်(၁)သန်းနဲ့ အာဆင်နယ် အခက်တွေ့အောင် စိန်ခေါ်လိုက်တဲ့ နယူးကာဆယ် အသင်းပိုင်ရှင် မိုက်အက်ရှ်လေ
နယူးကာဆယ် အသင်းပိုင်ရှင် မိုက်အက်ရှ်လေသည် အသင်းအနေဖြင့် တန်းဆင်းဇုံမည့်အရေးမှ ကင်းလွတ်ခွင့် ရခဲ့ပြီ ဖြစ်သော်လည်း၊ အာဆင်နယ် အသင်းကို အနိုင်ကစားနိုင်ပါက အသင်း၏ ၀န်ထမ်းများ (အခြေခံဝန်ထမ်းများ) အားလုံး အတွက် ဘောနပ်စ် ပေါင်(၁)သန်း ဆုပေးမည်ဟု စိန်ခေါ်လိုက်သည်။ အာစင်ဝင်းဂါး၏ အာဆင်နယ် အသင်းသည် ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အနိုင်(၃)မှတ် မဖြစ်မနေ
1311
Written by အောင်ဇော်လတ်(မိုးနဲ)
ဆွာရက်ဇ်အပြင် ရိန်နာကိုပါ ထိန်းသိမ်းဖို့ ကြိုးစားရတောမယ့် လီဗာပူးလ်
လီဗာပူးလ်အသင်းသည် အဓိက တိုက်စစ်မှုး ဆွာရက်ဇ်ကို ဥရောပ အသင်းကြီးများက လိုက်လံ ချိတ်ဆက် လျက်ရှိနေသလို၊ ဘာစီလိုနာ အသင်းကလည်း စပိန်သား ပီပီရိန်နာကို ခေါ်ယူသွားရန် အရှိန်မြှင့်တင် ကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်း၏ လက်ရှိဂိုးသမား ဗဲလ်ဒက်စ်သည် အသင်းက ကမ်းလှမ်းသော စာချုပ်သစ်ကို ပယ်ချခဲ့ပြီး၊ အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သောကြောင့် ဘာစီိလိုနာ အနေဖြင့် ယခုကဲ့သို့ ကြိုးစားလာခြင်း ဖြစ်ကြောင်း
408
Written by အောင်ဇော်လတ်(မိုးနဲ)
နယူးကာဆယ် - အာဆင်နယ်ပွဲမတိုင်မီ ထူးခြားချက်များ
ပရီးမီးယားလိဂ် အပိတ်ပွဲစဉ်တစ်ပွဲ ဖြစ်သည့် နယူးကာဆယ် - အာဆင်နယ်ပွဲမတိုင်မီ ဒါဏ်ရာရ ပွဲပါယ် စာရင်းများ၊ ထူးခြားချက်များကို တင်ပြအပ်ပါသည်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မဖြစ်မနေ အနိုင်ကန်ရမည့်ပွဲတစ်ပွဲ ဖြစ်သည့်အတွက် ဘောလုံးဝါသနာရှင်များအဖို့ စိတ်ဝင်စားဖို့ ကောင်းသည့် ပွဲတစ်ပွဲ ဖြစ်သည်။
445
Written by အောင်စိုးမိုး
အောင်ပွဲခံမှုကို အကျည်းတန်စေခဲ့တဲ့ ရန်ပွဲ
ဘာစီလိုနာသည် အမှတ်ပေး ဖလားဆွတ်ခူးရရှိမှုနှင့် အတူ ကတ္တလန်မြို့တွင်း လှည့်လည် အောင်ပွဲခံသည့် အခမ်းအနား တစ်ရပ် ကျင်းပ ပြုလုပ်သွားခဲ့သည်။ သို့သော်လည်း အဆိုပါ အောင်ပွဲခံမှုကို နောက်ခံလူစပိန် စတား ပီကေးနှင့် ကွင်းလယ်ကစားသမား ဆောင်းတို့က ၎င်းတို့၏ ရန်ပွဲဖြင့် အခမ်းအနားကို ပုံရိပ်ကျစေခဲ့သည်။ ဘာစီလိုနာ ကစားသမားများသည် အောင်ပွဲခံရာတွင် ကားပေါ်၌ ဘီယာများ သောက်စားခဲ့ကြသည်။
1333
Written by အောင်ဇော်လတ်(မိုးနဲ)
တစ်ပတ် အတွင်း သတင်းတိုလေးများ ( ၆ )
လက်ေ၇ွးစင် ကစားသမား ဘ၀ အနေဖြင့် ကမ္ဘာ့ အမြင်ဆုံး ကမ္ဘာ့ဖလား ၊ ဒုတိယ အမြင်ဆုံး ဥရောပ ဖလား ကြီး နင့် ကလပ် အသင်း ဖြင့် အမြင်ဆုံး ဥရောပ ချန်ပီယံ လိဂ် ဖလားကြီး နင့် တတိယ အမြင့်ဆုံး ဥရောပ ယုရိုပါ လိဂ် ဖလား ကြီးများအား ဆက်တိုက် ဆွတ်ခူး ပိုင်ဆိုင်ခွင့် ရဖူုးသည့် ပရီးမီးယားလိဂ် ဧ။် တစ်ဦး တည်းသော ကစား သမား ဖြစ်သည့် ဖာနန်ဒိုတောရက်စ် က သူ့ အနေဖြင့် အကောင်းဆုံး ပုံစံ ပြန်ရနေပြီ ဖြစ်ပြီး ပေါင် သန်း ၅၀ တန် ကြောင်း ပြသနိုင်ခဲ့ ပြီ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
1216
Written by ၀ိုင်း ( ကျိန်းရိပ် )
ယူရိုပါလိဂ် အောင်ပွဲ အတွက် အထူး ပျော်ရွှင်ကျေနပ်နေသည့် အက်ရှ်လေကိုးလ်
ချဲလ်ဆီး အသင်း ဧ။် အင်္ဂလန် နောက်ခံ ကစားသမား အက်ရှ်လေကိုးလ် က သူ့ အနေဖြင့် ယူရိုပါလိဂ် အောင်ပွဲ အတွက် အလွန်တရာ ကျေနပ် ဂုဏ်ယူ မိကြောင်း ပြောကြားသွားခဲ့သည်။ အာဆင်နယ် အသင်းမှ ပြောင်းလာပြီးနောက် ချဲလ်ဆီး ကစားသမား အဖြစ် ဥရောပ ဖလား နောက်တစ်လုံး အား ဒုတိယ အကြိမ် ကိုင်မြှောက်ခွင့် ရရှိခဲ့ပြီးနောက် ခုလို ကျေနပ် နေသည့်ဟန်ဖြင့် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
483
Written by ၀ိုင်း ( ကျိန်းရိပ် )
လိုအပ်နေတဲ့ ဗန်ပါစီသွင်းဂိုးတွေကို ဖြည့်တင်းနိုင်ခဲ့ပါပြီ (အာစင်ဝင်းဂါး)
အသင်းမှ ထွက်ခွာသွားသော တိုက်စစ်မှုး ဗန်ပါစီ၏ သွင်းဂိုးများကို အသင်းအနေဖြင့် ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ထုတ်ဖော် ပြောကြား လိုက်သည်။ ယခုနှစ်ရာသီတွင် အာဆင်နယ်အတွက် ဝေါလ်ကော့က (၁၄)ဂိုး၊ ဆန်တီကာဇိုလာမှ (၁၂)ဂိုး၊ ပိုဒေါ့စကီးနှင့် ဂျီရူးတို့က (၁၁)ဂိုစီ သွင်းယူပေးထားသည်။
925
Written by အောင်ဇော်လတ်(မိုးနဲ)
ဘာစီလိုနာက ဗဲလ်ဒက်စ်ကို လွမ်းဆွတ်နေမှာပါ (ဇာဗီ)
ဘာစီလိုနာ ကွင်းလယ် ကစားသမား ဇာဗီဟာနန်ဒက်ဇ်က ဘာစီလိုနာ အသင်းအနေဖြင့် ထွက်ခွာတော့မည့် ဂိုးသမား ဗဲလ်ဒက်စ်ကို လွမ်းဆွတ်နေမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ ဂိုးသမား ဗဲလ်ဒက်စ်သည် လာမည့်ရာသီတွင် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ဗဲလ်ဒက်စ်က
706
Written by အောင်ဇော်လတ်(မိုးနဲ)
